Ingredients: (မုန့်လုံးရေပေါ်
မုန့်နှစ် နှင် အဆာ ထဲရန်)
·
ဆန်မှုန့် ခွက်
တ၀က် (နည်းနည်း ပိုထည့်ပါ နယ်တဲ့အခါ
ဖြူးဖို့ပါ)
·
ကောင်းညှင်းမှုန့် ခွက် ၁ ခွက်
·
ရေ စားပွဲဇွန်း
၁၃ ဇွန်း(2 ½ OZ) နည်းနည်းချင်း ထဲ့ပါ
·
ပဲစင်းငုံပဲစိမ်း အနှစ် စားပွဲဇွန်း ၃ ဇွန်း
·
မုန်လာဥနီ အနှစ် စားပွဲဇွန်း ၃ ဇွန်း
·
ဆား နည်းနည်း
·
မုန့်လုပ် ထညှစ် အခဲ ၅ ခဲ (အတုံးအသေးလေးတုံး ပါ
မုန့်လုံးရေပေါ် အဆာ ထည့်ရန်)
·
Creamy Peanut Butter/နှမ်းအနှစ် စားပွဲဇွန်း ၃ ဇွန်း (မုန့်လုံးရေပေါ် အဆာ ထည့်ရန်)
·
Mix-dried fruit စားပွဲဇွန်း
၂ ဇွန်း (မှုန့်မှုန့် လေးတွေလှီးပါ
အဆာထည့်ရန်
maple syrup နှင့် နယ်ထားပါ)
·
Maple Syrup စားပွဲဇွန်း ၂ ဇွန်း (သကြားရည်လဲ သုံးလို့ရပါတယ်)
Method:
၁။
နယ်လို့ ရမည့် ခွက် အကြီး ထဲသို့ ဆန်မှုန့်၊ ကောင်းညှင်းမှုန့်၊ ဆား နှင် ရေ ထည့် နယ်ပါ။
၂။
ရေကိုဖြည်းဖြည်းချင်းထည့် ပါ။မုန့် အနှစ် နည်းနည်း မါနေပါလိမ့်မယ်။ရေ ထပ် မထည့် ပါ
နှင့် ပဲစိမ်း အနှစ် နှင့် မုန်လာဥ အနှစ် ထဲ့ လျှင် ရေ ပါ တာကြောင့် ပါ။
၃။
ရလာသော မုန့်အနှစ်ခဲ ကို သုံးပုံ ပုံပါ။ တပုံ ကို ရိုးရိုး အဖြူရောင် လုံးဖို့ ထားပါ။
၎။
ကျန် နှစ်ပုံကို ပဲစိမ်း အနှစ် နဲ့ တပုံ ၊ မုန်လာဥနီ အနှစ် နဲ့ တပုံ နယ်ပေးပါ။ (လိုချင်သော
ကာလာရောင်ပေါ်မှုတည်ပြီး အနှစ် ကို အလျှော့ထည့် လဲ ရပါ တယ်၊ ပိုထည့် လဲ ရပါတယ်)
၅။
ခု ဆို အဖြူအရောင်၊ အစိမ်းအရောင် ၊ လိမ္မော်အရောင် မုန့်အနှစ်များ ကိုရရှိ မှာပါ။
၆။ Mix-dried fruit အမှုန့် ကိုသကြားအရည် လေးနဲ့နယ်ထားပါ
အဆာမထည့် ခင်၊ အဖြူမုန့်နှစ် ကို လုံးလျှင် Mix-dried fruit အမှုန့် နဲ့ဆိုပို လိုက်ဖက်ပါတယ်။
အစိမ်းမုန့်နှစ် ကို creamy peanut butter (သို့) နှမ်းအနှစ် အဆာထည့်ပါ။ လိမ္မော် မုန့်နှစ်
ကိုတော့ မုန့်လုပ် ထညှစ် ထည့်လျှင် ထူးရှားတဲ့ အရသာလေး ရရှိမှာ ပါ။
Ingredients ( ဗာနီလာအုန်းသီးဆော့
မုန့်လုံးနဲ့တို့စားရန် ) (Vanilla
Coconut Dipping Sauce)
·
အုန်းရည် ခွက် တ၀က် လောက်
·
အုန်းသီး ခွက် တ၀က် လောက် ခြစ်ထားပါ(ကြိုက် လျှင်များများထည့်ပါ)
·
အုန်းသီး
အရည် စားပွဲဇွန်း ၁၀ ဇွန်း
·
ဆား နည်းနည်း
·
မုန့်လုပ် ထညှစ် အခဲ ၁၀ ခဲ (အချို ကြိုက် လျှင်များများထည့်ပါ)
·
ဗာနီလာ အရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
·
နွားနို့ စားပွဲဇွန်း ၁၅ ဇွန်း
·
ဂျုံမှုန့် စားပွဲဇွန်း ၂ ဇွန်း
Method:
၁။
အိုးအသေးလေး ထဲ ကို အုန်းရည် နှင့် နွားနို့ ထဲ့ပါ။ ဆူတဲ့ အထိ မတည်ပါနှင့်။ မီးမျှင်မျှင်လေးနဲ့
တည်ပါ။
၂။
ပူလာလျှင် ဂျုံမှုန့် ထဲ့ပါ အဆက် မပြတ် မွှေပေးပါ။ ပြီးလျှင် အုန်းသီး မှုန့်၊ ဆား နှင့်
ထညှစ် ထဲ့ ပါ ခဏနေ လျှင် အုန်းသီးအရည် ကိုဖြည်းဖြည်း ချင်း ထည့်ပေး ပါ။ မီး မျှင်မျှင်
လေးနဲ့ တည်ပါ။
၃။
မီးပိတ် ပါ။ ဗာနီလာ အရည် ထဲ့ မွှေပါ။ စားခန်း နီး နွေးယုံ ပြန်နွှေးပါ။ မုန့်လုံး နဲ့
တို့စားလို့ ရသလို မုန့်လုံး ပေါ်ကနေ လဲ ဆမ်း စားလို့ ရပါတယ်။ ခြစ် ထားသော အုန်းသီး
မှုန့်ထပ် ဖြူးစားပါ။
Ingredients (ပဲစင်းငုံပဲစိမ်း
အနှစ်လုပ်နီး)
·
ပဲစင်းငုံပဲစိမ်း ၁၀၀ ဂရမ်
·
ဆား နည်းနည်း
·
သကြား ဇွန်း
တ၀က် လက်ဖက်ရည်ဇွန်း(diet ဆိုရင်မထည့်လဲရပါသည်)
·
ရေ ၁ ခွက်
Method
၁။
အိုးထဲ ရေထည့် ပြီး ပဲစင်းငုံပဲစိမ်း ကို ဆား၊သကြား၊ များဖြင့် ပြုတ်ပေး ပါ။ နုးအိ
တဲ့ အထိ ပြုတ် ပါ၊
၂။
နုးအိ လာလျှင် အအေးခံ ပြီး ကြိတ်စက် ထဲသို့
ထည့်ကြိတ် ပါ ပြစ်လာတဲ့အထိပါ။
၃။
ရလာသော ပဲစင်းငုံ အရည်ပြစ်ကို စကာအစိတ် ဖြင့် စစ် ပေးပါ။ လိုရာ နေရာ မှထည့် သုံးလို့
ရပါပြီး။
Ingredients (မုန်လာဥနီ အနှစ်လုပ်နီး)
·
မုန်လာဥနီ ၅၀ ကျပ်သား( အခွန်ခွာ ပြီး အတုံးများတုံးပါ)
·
ဆား ဇွန်း
တ၀က် မရှိတရှိ လက်ဖက်ရည်ဇွန်း
·
သကြား ၁
ဇွန်း လက်ဖက်ရည်ဇွန်း (diet ဆိုရင်မထည့်လဲရပါသည်)
·
လေးညှင်းပွင့် ၁ ဇွန်း လက်ဖက်ရည်ဇွန်း
·
ရေ ၁
ခွက် ခွဲ
Method
၁။
အိုးထဲ ရေထည့် ပြီး မုန်လာဥနီတုံး ကို ဆား၊ သကြား၊ လေးညှင်းပွင့် များဖြင့် ပြုတ်ပေး
ပါ။ နုးအိ တဲ့ အထိ ပြုတ် ပါ၊
၂။
နုးအိ လာလျှင် အအေးခံ ပြီး ကြိတ်စက် ထဲသို့
ထည့်ကြိတ် ပါ ပြစ်လာတဲ့အထိပါ။
၃။
ရလာသော မုန်လာဥနီ အရည်ပြစ်ကို စကာအစိတ် ဖြင့် စစ် ပေးပါ။ လိုရာ နေရာ မှထည့် သုံးလို့
ရပါပြီး။
Comments