ရွှေအပ်မှို နဲ့ကြက်ကြိတ်သား ကြော် (Enokitake Mushrooms with Chicken Minced Fried)



ရွှေအပ်မှိုကြော်ကို စားဖူးကြမှာပါ။  မစည် ကတော့ ကိုယ်ပိုင်အရသာလေး နဲ့ အစာပြေစာလေး အဖြစ်  စားသုံးလို့ရအောင် တီထွင်ထား လေး ကို အားလုံး  ကြော်စားလို့ရအောင်ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ကြိတ်သား                  ၂၅ ကျပ်သား
ကြက်သားမှုန့်                    ၁ ဇွန်း လက်ဖက်ဇွန်း
ကြက်ဥ                              ၁ လုံး
ပဲငံပြာရည်                         တစ်ဝက် ဇွန်း လက်ဖက်စားဇွန်း
ကြက်သွန်မြိတ်အကြီး            တစ်ဝက် ချောင်း  (နုတ်နုတ်လှီးထားပါ) leek
ကြက်သွန်ဖြူ                      ၁ မွှာ (နုတ်နုတ်လေးလှီးထားပါ)
နှမ်းဆီ                              ၁ ဇွန်း စားပွဲဇွန်း
အုပ်စု (က)
အသီးအရွက်ဆီ                   ၅ ကျပ်သား (ဆီလို လျှင် ထပ်ထည့်ပါ)
ရွှေအပ်မှို                            ၁ ထုပ် (city mart မှာဝယ်ယူလို့ရပါတယ်)
ပြုလုပ်နည်း
၁။ ဖန်ပုကန်လုံး ထဲကို အုပ်စု(က) ကလွဲ လို့ ကျန် ပါဝင်ပစ္စည်းများ အားလုံး ထည့်နယ်ပါ။ နှပ်ထားပါ ၁ နာရီလောက်။
၂။ ရွှေအပ်မှို အမြစ်ပိုင်းလေးများ ဖြတ်တောက်ပါ။ ပြီးလျှင် လိုသလောက်လေးတွေ တစ်ခါကြော် ခွဲပါ။
ပြီးလျှင် နယ်နှပ်ထား သော ကြက်ကြိတ်သား နဲ့ နယ်ပါ။
၃။ မကပ်သော အကြော် အိုးပြားထဲ သို့ ဆီ ထဲ့ ပါ ပူ လာလျှင်  ကြိတ်သား ရွှေအပ်မှိုအနှစ် များကို အပြားလေးတွေ လုပ်ပြီး ထည့်ကြော်ပါ။
၂။ ရွှေရောင် သန်းပြီး အနားလေးတွေ ကျွတ်လာလျှင် ရပါပြီး။ တဘက်ကို ၄-၅ မိနစ်လောက် ကြော်ပေးပါ။
အဆီစစ်သော စကာဖြင့်အဆီစစ်ပါ။ ပြီးလျှင် ထမင်းပူပူလေး ပဲစားစား သူ့ကြီးပဲ ကြိုက်နှစ်သက်ရာ ဆော့ နဲ့ တွဲစားစား ရပါတယ်။ ပူပူ လေးသုံးဆောင်ပါ အရသာ ပိုပြီးကောင်းမွန်ပါတယ်။


Comments